MYANMAR (Zawgyi)
ပြီးနောက်...
MYANMAR (Unicode)
မင်္ဂလာပါ ခင်ဗျာ။ ဖုန်း Screen. ကို Animation ဒီဇိုင်း လှလှလေးတွေနဲ့ အဖွင့်၊ အပိတ် လုပ်ဖို့ အတွက် Screen Off Animations ဆိုတဲ့ Xposed Modules Apk လေးပါ။ ဒီ App လေးကို အသုံးပြုဖို့ အတွက် ဖုန်းမှာ Root ရှိရပါမယ်။ Xposed Modules App တစ်ခု ဖြစ်တဲ့ အတွက် ဖုန်းမှာ Xposed Installer Appလည်း ရှိပြီးသား ဖြစ်ရပါမယ်။ Root ရှိပြီး Xposed Installer မရှိသေးတဲ့ သူငယ်ချင်းတွေ အတွက် Xposed Installer နှင့်Xposed Modules များ ထည့်သွင်း အသုံးပြု နည်း ကို ..ဒီနေရာမှာပဲ နှိပ်ပြီး သွားရောက်လေ့လာ ဒေါင်းယူ လိုက်ပါ။
Screen Off Animation apk ကို ဒေါင်းယူ၊ Install လုပ်လိုက်ပါ။
ပြီးနောက်...
➡Xposed Installer App ကို နှိပ်ဖွင့်ပါ။
➡Modules ကို ဆက်နှိပ်ပါ။
➡Install လုပ်ထားတဲ့ Screen Off Animation app ကို တွေ့ပါလိမ့်မယ်။ သူ့ရဲ့ ညာဘက် အပေါ်နားက လေးထောင့်ကွက်လေးကို နှိပ်ပြီး အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။
➡ပြီးနောက် ဖုန်းကို reboot (or) restart လုပ်ပေးလိုက်ပါ။ ပြန်တတ်လာတဲ့ အခါ သွားနှိပ်ဖွင့်ပြီး ပြုပြင်လို့ရပါပြီဗျာ။
အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်။ ➡ပထမဆုံး Screen Off ဆိုတဲ့ ခေါင်းစဉ်အောက်က Screen Off ဆိုတဲ့ စာကြောင်းကို နှိပ်ပြီး ON ပေးလိုက်ရပါမယ်။
➡Select Animations ဆိုတဲ့ စာကြောင်းကိုနှိပ်ပြီး ကိုယ် ကြိုက်နှစ်သက် Animation ပုံစံကို ရွှေးချယ် အသုံးပြုနိုင်ပါတယ်။
➡Animation လှူပ်ရှားမှူ အနှေး၊ အမြန်ကိုတော့ Speed မှာ ရွှေ့ပြီး သတ်မှတ် ပေးနိုင်ပါတယ်။
➡Preview ကတော့ ကိုယ် သတ်မှတ်ထားတဲ့ Animation ကို ပြန်ကြည့်နိုင်တဲ့ နေရာပါပဲ။
နောက်ထပ် တစ်မျက်နှာကို ဆွဲလိုက်ရင် Screen On ဆိုတဲ့ ခေါင်းစဉ်ကို တွေရပါလိမ့်မယ်။ အဲ့ဒီ အပိုင်းမှာလည်း ပြောခဲ့ပြီးတဲ့ ပုံစံအတိုင်းပဲ ကိုယ်ကြိုက်နှစ်သက်ရာ ရွှေးချယ်ပေးနိုင်ပါတယ်။
😃 အဆင်မပြေတာလေးများ ရှိခဲ့ရင် မန့်ပေးခဲ့ပါဗျာ။
0 comments:
Post a Comment