Definition List

wellcome to my blog

Tuesday, August 4, 2015

ရေဘေးကြောင့် ကလေးအနောက်ဘက် ကျေးရွာများပိတ်မိနေပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

ကလေးမြို့ရှိ ရေဘေးသင့်ကျေးရွာတစ်ရွာမှ ဘုရားတစ်ဆူ ရေလွှမ်းမိုးနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်မြို့လုံးရေကြီး နစ်မြုပ်မှုအဆိုးရွားဆုံးကြုံတွေ့ နေရသည့် ကလေးမြို့တွင် မြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာ များပိတ်မိနေပြီး အစားအသောက် နှင့် ဆေးဝါးများ အရေးပေါ်လို အပ်နေကြောင်း သတင်းရရှိ သည်။

ကလေးမြို့ အနောက်ဘက် ခြမ်း မြွေတောင်၊ ဖားတောင် တောင်ခြေရင်းဒေသရှိ လက်ပံ ချောင်း၊ နန့်ချောင်း၊ နန့်ချောင်းပု၊ မောက်လင်း၊ ပြည်တော်သာ၊ ချမ်းသာကြီးနှင့် ချင်းစုရွာများ ပိတ်မိနေကြောင်း သတင်းရရှိ သည်။

‘‘ဘယ်မှထွက်ပြေးစရာလမ်း ကြောင်းမရှိတော့ဘူး။ ဦးသာ အေး (စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်) လာဖွင့်ပေးတဲ့  နတ် တံခါး တံတားကြီးလည်းပျက် သွားပြီ။ တောင်ဘက်လည်း သွား စရာမရှိဘူး။ မြောက်ဘက်လည်း သွားစရာမရှိဘူး။ အနောက်ဘက် မှာလည်း နတ်တံခါးဆည်ကြီး ကာထားတဲ့အခါကျတော့ ဘယ်မှ ထွက်ပြေးစရာ မရှိတော့ဘူး။ ဘယ်ကမှ အကူအညီလည်း မရ ဘူး’’ဟု လက်ပံချောင်းဒေသမှ ရေဘေးသင့်သူများအား အဓိက ကူညီဆောင်ရွက်ပေးနေသူ ကိုဂျက်ဆင် က ပြောသည်။

ယင်းဒေသတွင် မည်သည့် အဖွဲ့အစည်းအကူအညီမှမရရှိဘဲ ပိတ်မိနေသည်မှာ နှစ်ရက်ခန့်ရှိ လာကာ လက်ရှိတွင် အစားအ သောက်ပြတ်လပ်လာပြီး ကျန်းမာ ရေးထိခိုက်မှုများရှိလာကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာများအနက် လက်ပံချောင်းတစ်ဖက်ကမ်းရှိ နန့်ချောင်း၊ မောက်လင်း၊ ပြည် တော်သာ၊ ချမ်းသာကြီး စသည့် ကျေးရွာများ ရေနစ်မြုပ်သွားပြီ ဖြစ်၍ လက်ပံချောင်းကျေးရွာ၌ ရေဘေးသင့်ပြည်သူနှစ်ထောင် ကျော်ခိုလှုံနေကြောင်း သိရသည်။

‘‘တချို့ဆိုရင် အဝတ်အစား မပြောနဲ့ ဖိနပ်တောင်ပါမလာဘူး။ မနေ့က ညနေပိုင်းမှာတောင် ထွက်ပြေးရင်း ထိခိုက်တာ လူ ၆၀ ကျော်လောက် ဆေးကုပေးခဲ့ ရတယ်’’ဟု ကိုဂျက်ဆင်က ပြော သည်။

အိမ်များရေမြုပ်လာသည့် အတွက် ထွက်ပြေးတိမ်းရှောင် ရင်း ထိခိုက်ရှနာမှုများရှိနေပြီး သက်ကြီးအမျိုးသမီးတစ်ဦး အ သက်ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိသည်။

အစားအသောက်များပြတ် လပ်လာသည့်အတွက် ရေအနည်းငယ်ကျလာသည့် ကျေးရွာများရှိ နေအိမ်များတွင် အိမ်ဖောက်ထွင်း မှုများလည်းဖြစ်ပေါ်နေပြီး နန့် ချောင်းကျေးရွာ၌ ဩဂုတ် ၃ ရက် တွင် နေအိမ် ၁၁ လုံးဖောက်ထွင်းခံ ရကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့မှာ ဘာဘတ် ဂျက်မှမရှိဘူး။ ကျွန်တော်တို့ စိတ် မကောင်းဖြစ်မိတာက အစိုးရ အဖွဲ့အစည်းအသိအမှတ်ပြုတဲ့ဒုက္ခသည် စခန်းတွေလောက်ပဲ ကူညီမှုတွေရပြီးတော့ အစိုးရက အသိအမှတ်မပြုတဲ့စခန်းတွေကျ တော့  ဘာအကူအညီမှမရဘူး။ အခုကျွန်တော်တို့ ကိုယ့်အစီအ စဉ်နဲ့ကိုယ် လုပ်ထားတာတောင် စခန်း ၂၀ လောက်ရှိတယ်။ ရေ မကျဘူးဆိုရင်တော့ နောက်ရက် တွေ အခြေအနေ ပိုဆိုးသွားနိုင် တယ်’’ဟု ကိုဂျက်ဆင်က ပြော သည်။
7day daily မှကူးယူ​ဖော်​ပြသည်
ယခုသတင်းအား happy myanmarမှရယူသည်


Posted via Blogaway

0 comments:

Post a Comment